ONLY FOR U8800 Custom Roms
Page 1 of 1
ONLY FOR U8800 Custom Roms
သိတဲ့သူတွေလည်း သိပြီးသားဖြစ်မှာပါ။ အခုတင်ပေးလိုက်တာက မသိသေးပဲ စမ်းသပ်ချင်တဲ့ ကျွန်တော်တို့လို user များအတွက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်က U8800 user ဆိုတော့ သူနဲ့ ပတ်သက်တဲ့ဟာလေးတွေကို မွှေနှောက်ရှာဖွေထားတာပါ။ ကျွန်တော် ကိုယ်တိုင်လည်း စမ်းသပ်ထားပြီးပါပြီ။ အားလုံး OK ပါတယ်...။
သတိပြုရမှာကတော့...ကျွန်တော်တင်ပေးထားတဲ့ Roms တွေဟာ Root လုပ်ပြီးသားဖုန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုတာကိုပါပဲ။ ကဲစလိုက်ကြရအောင်
ပထမဆုံး
GINGERBREAD OS ကို အခြေခံပြီး ရေးထားတဲ့ Xperia Style Rom အကြောင်းကိုပြောကြမယ်ဗျာ....Samsung ဖုန်းတွေရဲ့ system တွေလိုမျိုး Huwaei မှာလည်း သုံးလို့ရအောင် developer ကရေးပေးထားတာပါ။
ပထမဆုံး ဒါတွေကို အရင်ဒေါင်းလိုက်ပါ။
[You must be registered and logged in to see this link.]
ကဲ...ဒါတွေရပြီဆိုရင်တော့...ရထားတဲ့ Folder နှစ်ခုလုံးကို SD card ထဲထည့်ပြီး Recovery ကို ၀င်ကြမယ်ဗျာ...။ Custom rom ကို မတင်ခင်တော့ backup လုပ်ရမှာတော့ အားလုံးသိကြမှာပါ။
ပြီးရင်တော့
1.wipe data factory reset လေးကို choose ပြီး သန့်ရှင်းလိုက်ပါ။
2.mounst and storage ထဲက format/system ကို ထပ်လုပ်ပါ။
3.ပြီးရင်တော့ "install from sdcard" လေးထဲကို ၀င်ပြီး ကျွန်တော်တို့ ထည့်ထားတဲ့ partition.zip လေးကို အရင် install လုပ်မယ်။
4.done ဆိုရင် နောက်ထပ် no.1 မှာ လုပ်ခဲ့သလို ပြန်လုပ်မယ်။
5.ဒီတစ်ခါ Wipe Cache Partition ဆိုတာလေးကိုပါ ထပ်လုပ်မယ်။
6.advance ထဲကို ၀င်ပါ။ Wipe Dalvik Cache ကို click ပါ။
ဒါဆိုရင် ကျွန်တော်တို့ နောက်ဆုံးအဆင့် အနေနဲ့ "install from sdcard" ထဲကို ပြန်ဝင်ပြီး ကျွန်တော်တို့နောက်ဆုံးတင်ဖို့ကျန်တဲ့ Xperia Style GB v.1.zip လေးကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့ Reboot system ပေါ့။
တစ်ခုပြောဖို့ မေ့သွားတယ်ဗျ။ အဲဒီ့မှာ Opera ဆိုတဲ့ browser က သုံးလို့မရဘူးဗျာ။ အဲဒီ့အတွက်ကို developer OP က ပြန်ပြင်ပြီး Opera အစား Maxthon browser ကို ပြန်ထည့်ပေးထားတယ်။ Camera ကလည်း တော်တော် ကောင်းသွားတယ်ဗျ။
[You must be registered and logged in to see this link.] တင်ပုံတင်နည်းက အပေါ်ကနဲ့အတူတူပဲဆိုတော့ ထပ်မပြောတော့ဘူးနော်။

aungkyaw- Posts : 6
Points : 10
ဖိုရမ်ထဲစရောက်တဲ့နေ့ : 2013-04-11
Age : 45
Icecream sandwish 4.0.4
ကဲ....ဒီတစ်ခါနောက်တမျိုး တင်ကြည့်ရအောင်ဗျ နော.... ICS 4.0.4 လေးပေါ့။ အများက သိတဲ့ Icecream Sandwish ဟာ Huawei ရဲ့ တခြား series တွေမှာ error ကင်းပေမယ့် U8800 မှာတော့ error လေးတွေ ရှိသေးသဗျ။ wifi stable မဖြစ်တဲ့ error လေးတစ်ခုတည်းပါ။ ကျန်တာကတော့ all ok ပဲ။ ကဲ စလိုက်ကြရအောင်ဗျာ။
ကဲ [You must be registered and logged in to see this link.] လေးကို အရင်ဒေါင်းလိုက်ကြမယ်။
ပြီးတော့ အရင်အတိုင်းပဲ SD card ထဲကို ထည့်ပြီးတော့ CWM Recovery mode ကို ၀င်ကြမယ်။ ၀င်နည်းတော့ ထပ်မပြောတော့ဘူးနော်။ ပြီးရင်တော့ wipe data factory reset နဲ့ ရှင်းမယ်။ ပြီးရင်တော့ "install from sd card" ထဲဝင်ပြီးတော့ ဒေါင်းလို့ရထားတဲ့ ဖိုင်ကို ရွေးပေးလိုက်ရင် သူ့ဟာ သူ ကျန်တာဆက်လုပ်သွားလိမ့်မယ်။ Restart တစ်ခေါက်ကျပြီးရင်တော့ ခင်ဗျားတို့ရဲ့ U8800 လေးဟာ ICS 4.0.4 လေးနဲ့ လန်းနေပြီပေါ့။ အားလုံးအဆင်ပြေကြပါစေဗျာ။
ကဲ [You must be registered and logged in to see this link.] လေးကို အရင်ဒေါင်းလိုက်ကြမယ်။
ပြီးတော့ အရင်အတိုင်းပဲ SD card ထဲကို ထည့်ပြီးတော့ CWM Recovery mode ကို ၀င်ကြမယ်။ ၀င်နည်းတော့ ထပ်မပြောတော့ဘူးနော်။ ပြီးရင်တော့ wipe data factory reset နဲ့ ရှင်းမယ်။ ပြီးရင်တော့ "install from sd card" ထဲဝင်ပြီးတော့ ဒေါင်းလို့ရထားတဲ့ ဖိုင်ကို ရွေးပေးလိုက်ရင် သူ့ဟာ သူ ကျန်တာဆက်လုပ်သွားလိမ့်မယ်။ Restart တစ်ခေါက်ကျပြီးရင်တော့ ခင်ဗျားတို့ရဲ့ U8800 လေးဟာ ICS 4.0.4 လေးနဲ့ လန်းနေပြီပေါ့။ အားလုံးအဆင်ပြေကြပါစေဗျာ။
aungkyaw- Posts : 6
Points : 10
ဖိုရမ်ထဲစရောက်တဲ့နေ့ : 2013-04-11
Age : 45
Similar topics
» HTC Custom room များစုစည်းမှု
» G610 C00 အတွက် Custom ROM လေးတွေ လိုချင်လို့ပါ

» Huawei Custom room ဒေါင်းချင်သူများ အတွက်ပါ
» U8860 Android 4.1.2 Jelly Bean Custom ROM

Permissions in this forum:
You cannot reply to topics in this forum