delete


Join the forum, it's quick and easy

delete
delete
Would you like to react to this message? Create an account in a few clicks or log in to continue.

Onda Table V971D ကို 4.1.1 တင်ပြီ Root လုပ်နည်း

Go down

Onda Table V971D ကို 4.1.1 တင်ပြီ Root လုပ်နည်း  Empty Onda Table V971D ကို 4.1.1 တင်ပြီ Root လုပ်နည်း

Post by mr.android6 Wed Mar 20, 2013 4:31 pm

Onda Table V971 ကို 4.1.1 တင်ပြီ Root လုပ်နည်း လေးပါ Firmware ကျသွားလို့ပဲဖြစ်ဖြစ်
update ထွက်လာလို့ 4.1.1 ကို သုံးချင်တဲ့ သူငယ်ချင်းများအတွက် 4.1.1 တင်နည်းလေးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ 4.1.1 တင်မယ်ဆိုရင်တော့ Firmware ဖိုင်နဲ့ memory card
အလွတ်တစ်ကဒ် ရှိရပါမယ် ။ memory card ကတော့ 512MB ကနေ 8GB ထိ အဆင်ပြေသလို
သုံးလို့ရပါတယ် 2GB လောက်ဆိုရင်တော့ အဆင်ပြေဆုံးပါပဲ ။
Firmware မရှိသေးရင်တော့ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်.။

download>>>> [You must be registered and logged in to see this link.]

အရင်ဆုံး Table ကို အားပြည့်အောင် အရင်သွင်းထားပါ.။
battery ကို အနည်းဆုံး 80% ရှိထားဖို့လိုအပ်ပါတယ် battery အားမရှိသေးရင် အရင်သွင်းထားလိုက်ပါ။
battery အားပြည့်ပြီဆိုရင်တော့ စလိုက်ရအောင်နော်။ memory card အလွတ်တစ်ကဒ်ကို အရင်ဆုံး
FAT32 နှင့် Format အရင် ချလိုက်ပါ .။ဒေါင်းထားတဲ့ zip ဖိုင်ကို ဖြည်လိုက်ပါ.။
.zip ဖြည်လိုက်တဲ့ Folder ထဲက ဖိုင်တွေကို Format ချထားတဲ့ memory card ထဲကိုထည့်ပါ.။
.doc ဖိုင်တွေထည့်စရာမလိုပါဘူးနော်.။

Table ကို Power ပိတ်ထားပါ။ memory card ကို Table ထဲထည့်ပါ။
Home ခလုပ်ကို အရင်ဖိထားပါ ပြီရင် Power ကို နိပ်ပါ Power တတ်လာပြီဆိုတာနဲ့
Power ခလုပ်ကို လွတ်လိုက်ပါ။ Home ခလုပ်ကို ပဲဆက်ဖိထားလိုက်ပါ။
အချိန်အနည်းငယ်ကြာလာရင်တော့ Android အရုပ်လေးတတ်လာလိမ့်မယ်
Android အရုပ်လေးတတ်လာရင်တော့ Home ခလုပ်ကို လွတ်လိုက်ပါ။

အပြာရောင်အတန်းလေးတတ်လားလိမ့်မယ် ။တတ်လာရင်တော့ update စလုပ်နေပါပြီ။ ပြီသွားရင်တော့
Restart ကျ ပြီ Power ပြန်တတ်လာရင်တော့ 4.1.1 ကို update လုပ်လို့ပြီပါပြီ။
Root လုပ်နည်းကို တော့ [You must be registered and logged in to see this link.] မှာကြည့်နိုင်ပါတယ်နော်.။
တခြား Onda Dual core Table တွေကိုလဲ ဒီနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ် ။
Onda Dual core Table Firmware တွေကိုဒေါင်းချင်တယ်ဆိုရင်တော့ [You must be registered and logged in to see this link.] မှာ ၀င်ရောက်ဒေါင်းနိုင်ပါတယ်. ။
အားလုံးပဲအဆင်ပြေပါစေဗျာ။။။

mr.android6

Posts : 8
Points : 25
ဖိုရမ်ထဲစရောက်တဲ့နေ့ : 2013-03-20

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum